မနေ့ညပိုင်းအထိ အဆိုပါပြိုကျထားတဲ့ ဘဏ်အောက်ထပ်မှ အော်သံများကြားခဲ့သလို အပုပ်နံ့တွေလည်း ထွက်နေခဲ့ပြီး အသက်ရှင်သူတချို့ရှိနိုင်တယ်လို့ မြို့ခံတွေက ပြောပါတယ်။မတ် ၃၁ ရက်မှာတော့ ပြိုကျခဲ့တဲ့ KBZ ဘဏ်အဆောက်အဦးကို ရှာဖွေရေးခွေး ၂ ကောင်နဲ့ အသက်ရှင်လူနာတွေ ရှိ / မရှိ ထောက်လှမ်းစစ်ဆေးတာတွေ ဆောင်ရွက်ခဲ့ပြီးနောက် အသက်ရှင်နေသူတွေ မရှိနိုင်တော့ကြောင်း စစ်ဆေးတွေ့ရှိချက်အရ မြန်မာ-စင်ကာပူ ၂ နိုင်ငံ ပူးပေါင်း စစ်ဆေးရေးအဖွဲ့ဟာ နေပြည်တော်ကို ပြန်လည်ထွက်ခွာသွားခဲ့ကြောင်း ဖော်ပြထားပါတယ်။



