မတ်လ၂၈ ရက်က လှုပ်ခတ်ခဲ့သည့် စစ်ကိုင်းငလျင်ကြီးကြောင့် ငလျင်ဗဟိုချက် စစ်ကိုင်းအပါအဝင် မန္တလေး၊နေပြည်တော်နှင် မြန်မာနိုင်ငံအထက်ပိုင်းဒေသအတော်များများ နေအိမ်များပြိုကျပျက်စီးခဲ့ရာ အဆို ပါနေရာများတွင် လူအသေအပျောက်များခဲ့ရာ ပျက်စီးသွားသည့်နေအိမ်များထဲမှ အဖိုးတန်ပစ္စည်းများဝင် ရောက် ရှာဖွေမှုများရှိလာသဖြင့် ညဘက် စောင့်ရှောက်နေရကြောင်းသိရသည်။ယခင်နေ့ကလည်း လူမှုကွန်ရက်တွင် တိုက်ပိကာ သေဆုံးနေသည့် မိခင်လက်မှ ရွှေလက်စွပ်ကို ဖြုတ်သွားသည့်အတွက် ကယ်တင်တာမလုပ်ဘဲ လက်စွပ်ဖြုတ်သွားသည်ကို ဒေါသဖြစ်ကာ ယူကျုံးမရ ဖြစ်နေသည့် သားဖြစ်သူက တင်ထားသော ပိုစ်ကိုလည်း မြင်တွေ့ရသည်။လက်ရှိတွင် သက်ဆိုင်ရာ လုံခြုံရေးအဖွဲများနှင့် ရပ်ကွက်တွင်ကျန်ရှိသူများက ကိုယ်အပိုင်းနှင့် ကိုယ် စောင့်ရှောက်ရေးကိုတာဝန်ယူနေရပြီး ငလျင်ကြောင့် တိုက်အောက်ပိနေသူများကိုလည်း အချိန်နှင့်လုကာ ကယ်တင်နေရကြောင်းလည်း သိရသည်။



