back

အိန္ဒိယစစ်တပ်က ယာယီမြေပြင်ဆေးရုံ တည်ဆောက်ကာ မြန်မာ့ငလျင်ဘေး ကူညီရန်ရောက်ရှိ

Mar 31 • 11:55 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

အိန္ဒိယစစ်တပ်က ယာယီမြေပြင်ဆေးရုံ တည်ဆောက်ကာ မြန်မာ့ငလျင်ဘေး ကူညီရန်ရောက်ရှိ

ငလျင်ဘေးဒဏ်ခံစားရသူများအတွက် မြန်မာနိုင်ငံတွင် အိန္ဒိယစစ်တပ်၏ ယာယီမြေပြင်ဆေးရုံတစ်ခု တည်ထောင်ကာ အကူအညီပေးသွားရန် ထွက်ခွာလာပြီဖြစ်ကြောင်း အိန္ဒိယနိုင်ငံ၊ ပြည်ပရေ...

ငလျင်ဘေးဒဏ်ခံစားရသူများအတွက် မြန်မာနိုင်ငံတွင် အိန္ဒိယစစ်တပ်၏ ယာယီမြေပြင်ဆေးရုံတစ်ခု တည်ထောင်ကာ အကူအညီပေးသွားရန် ထွက်ခွာလာပြီဖြစ်ကြောင်း အိန္ဒိယနိုင်ငံ၊ ပြည်ပရေးရာဝန်ကြီးဌာနက စနေနေ့တွင် ထုတ်ဖော်ပြောဆိုလိုက်သည်။အဆိုပါ ဆေးရုံအဖွဲသား ၁၁၈ ဦးနှင့်အတူ ငလျင်ဘေးအကူအညီပေးရေးပစ္စည်း အလေးချိန် တန် ၆၀ ကို မြန်မာနိုင်ငံသို့ သယ်ဆောင်လာကြောင်း၊ ကုတင် ၆၀ ဆံ့ ယာယီမြေပြင်ဆေးရုံတစ်ခု တည်ထောင်ကာ ငလျင်ဒဏ်ကြောင့် ထိခိုက်ဒဏ်ရာရသူများကို ကုသပေးသွားမည်ဖြစ်ကြောင်း သိရသည်။ငလျင်ဒဏ်ကြောင့် ဖြစ်ပေါ်လာသည့် စိတ်ဒဏ်ရာ ကုသပေးမှုအပြင် အရေးပေါ်ခွဲစိတ်ကုသမှုများကိုလည်း ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း၊ အမျိုးသမီးနှင့် ကလေးသူငယ်များအတွက် ကျန်းမာရေးဝန်ဆောင်မှု ပေးသွားမည်ဖြစ်ကြောင်းလည်း သိရသည်။ငလျင်ဘေးသင့်မြန်မာပြည်သူများကိုအရေးပေါ်ကူညီရန် အိန္ဒိယရေတပ်မှ သင်္ဘောနှစ်စီးကိုလည်း မြန်မာနိုင်ငံသို့ ပို့ဆောင်ထားပြီး ဖြစ်သည်။အိန္ဒိယနိုင်ငံသည် ငလျင်ဘေးသင့်မြန်မာပြည်သူများကိုကူညီရန် Operation Brahma ဟု အမည်ပေးထားသည့် စီမံချက်ဖြင့် လူသားချင်းစာနာမှု အကူအညီများ ဆက်တိုက်ပေးပို့နေခြင်းဖြစ်သည်။



news-view-count-icon

14