back

မန္တလေး အောင်မြင့်မိုရ်ဟိုတယ်ပြိုကျ၍ ပိတ်မိကာ အသက်ရှင်သူများရှိခဲ့သော်လည်းကယ်ယူရန်ခက်ခဲပြီး သေဆုံးမှုများကြုံလာ

Mar 31 • 11:53 AM

breaking-news

မြန်မာ

မန္တလေး

cover

မန္တလေး အောင်မြင့်မိုရ်ဟိုတယ်ပြိုကျ၍ ပိတ်မိကာ အသက်ရှင်သူများရှိခဲ့သော်လည်းကယ်ယူရန်ခက်ခဲပြီး သေဆုံးမှုများကြုံလာ

ငလျင်ကြောင့် မန္တလေးမြို့ရှိ အောင်မြင့်မိုရ်ဟိုတယ်ပြိုကျရာတွင် ပိတ်မိ၍ အသက်ရှင်နေသူများရှိသော်လည်း ကယ်ယူရန်ခက်ခဲပြီး သေဆုံးမှုကြုံလာခဲ့ကြောင်း သေဆုံးသူများ၏ မိသ...

ငလျင်ကြောင့် မန္တလေးမြို့ရှိ အောင်မြင့်မိုရ်ဟိုတယ်ပြိုကျရာတွင် ပိတ်မိ၍ အသက်ရှင်နေသူများရှိသော်လည်း ကယ်ယူရန်ခက်ခဲပြီး သေဆုံးမှုကြုံလာခဲ့ကြောင်း သေဆုံးသူများ၏ မိသားစုဝင်အချို့က လူမှုကွန်ရက်တွင် ဖော်ပြထားချက်အရ သိရသည်။အဆိုပါ ဟိုတယ်မှာ ၇၈ လမ်းနှင့် ၁၁၅ လမ်း ကျွဲဆည်ကန်မီးပွိင့်ထောင့်တွင်ရှိပြီး ပြိုကျကာပိတ်မိနေသူများက ကူညီကယ်ဆယ်ပေးရန် အော်ဟစ်မှုများရှိခဲ့ကြောင်း၊ ဒေသအခြေစိုက်ကယ်ဆယ်ရေးအဖွဲများက ကယ်ထုတ်ရန် ကြိုးပမ်းသော်လည်း ကယ်ဆယ်ရန်ခက်ခဲသောအခြေအနေမျိုး ဖြစ်နေပြီး နောက်ဆုံးတွင် သေဆုံးသွားသော Dead Body ကိုပင် ထုတ်ယူရန်ခက်ခဲနေဆဲဖြစ်ကြောင်း သေဆုံးသူ၏ အစ်မဖြစ်သူက ဆိုထားသည်။အချို့မှာလည်း မန္တလေးမြို့အတွင်းတွင် ပြိုကျနေသည့်အိမ်ရှေ့၌ ရုပ်အလောင်းများထားကာ သေဆုံးသူများ၏ မိသားစုဝင်များက ဘာသာရေးအရ တရားနာခြင်းများကိုလည်း ပြုလုပ်ခဲ့ကြောင်း သိရသည်။



news-view-count-icon

15