မတ်လ ၂၈ ရက်က အင်အားပြင်းငလျင်လှုပ်ခတ်မှုကြုံပြီးနောက် ရန်ကုန်-မန္တလေးလမ်းတွင် လမ်းအချို့ပျက်စီးကာ သွားလာမှုပြတ်တောက်ခြင်းများရှိနေသော်လည်း အဝေးပြေးယာဉ်လိုင်းအချို့မှာ မတ်လ ၂၉ ရက်မှ စတင်၍ ပြေးဆွဲပေးခြင်းများ လုပ်ဆောင်နေကြောင်း အဝေးပြေးယာဉ်လိုင်းဂိတ်များထံမှ သိရသည်။ရန်ကုန်-မန္တလေးအမြန်လမ်းတွင် ၂၀၁/၀ ရှိ ပလွေးတံတား၊ ၁၉၃/၁ -၂ ရှိ တံတားအဝင်၊ ၁၉၀/၁-၂ ရှိ မှောက်ခုံချောင်းတံတား သွား+ပြန်အခြမ်း၊ ၁၈၈/၇ ရှိ အသွားလမ်း box အဝင် တိုတွင် နိမ့်ကျခြင်းများဖြစ်နေပြီး ၁၉၄/၂ တွင် အသွားလမ်း ကျိုးခြင်း၊ ၁၈၉/၁ တွင် အပြန်လမ်း တွန့်ခေါက်နေခြင်း၊ ၁၈၈/၁-၂ အပြန်လမ်း ကျိုးနေခြင်း (ဘေးမှရှောင်ကွင်းသွား၍ရ)၊ ၁၈၆/၂ တွင် လမ်းသားကွဲအက်နေခြင်း၊ ၁၇၉/၄ တွင် အပြန်လမ်းကျိုးနေခြင်း၊ ၁၇၇/၂ တွင် အသွားလမ်းကျိုးနေခြင်း၊ ၁၇၆/၀-၁ တွင် အသွားလမ်းကျိုးနေခြင်း၊ ၁၇၃/၆ အပြန်လမ်း box အဝင်လမ်းကျိုးနေခြင်း၊ ၁၇၂/၅ အပြန်လမ်း ပေ၂၀၀ ac တွန့်ခေါက်နေခြင်း (ဘေးမှရှောင်ကွင်းသွား၍ရ)၊ ၁၇၁/၆ အပြန်လမ်း တံတားဝင်လမ်း တွန့်ခေါက်နေခြင်း (ဘေးမှ ရှောင်ကွင်းသွား၍ရ)၊ ၁၆၈/၅ အပြန်လမ်း တံတားပေါ် ac ကျိုးနေခြင်း (ဘေးမှရှောင်ကွင်းသွား၍ရ)၊ ၁၆၈/၀ အပြန်လမ်း လမ်းကျိုးနေ့ခြင်း (ဘေးမှရှောင်ကွင်းသွား၍ရ)၊ ၁၆၇/၆ အပြန်လမ်း ကွန်ကရစ်လမ်းကျိုးနေခြင်း၊ ၁၆၇/၅ အပြန်လမ်း ကွန်ကရစ်လမ်း ကျိုးနေခြင်း၊ ၁၆၇/၁-၂ အပြန်လမ်း ကွန်ကရစ်လမ်းကျိုးနေခြင်း၊ ၁၆၆/၆-၇ အပြန်လမ်း ကွန်ကရစ်လမ်း ကျိုးနေခြင်း၊ ၁၆၀/၀-၁ အပြန်လမ်း ကွဲခြင်း၊ ကျိုးခြင်းတိုကြုံရသလို ၁၆၅/၇ တွင် အပြန်လမ်းကျိုးခြင်း၊ ၁၆၅/၁ တွင် ပေ ၈၀၀ ရှိသော ဆွာချောင်းတံတား၏ P3,4,5 တိုင်များ ယိုင်ခြင်း၊ လမ်းသားအပြန်လမ်း ၄ ပေခန့် နိမ့်ကျခြင်းများကိုကြုံနေရကြောင်း သိရသည်။လတ်တလောတွင် ရန်ကုန်-မန္တလေးခရီးစဉ်အတွက် အရေးပေါ်မဖြစ်မနေသွားလာသူများမှာ လမ်းကြောင်းပေါ်ရှိ ပျက်စီးသော နေရာများကိုရှောင်ကွင်း၍ ရန်ကုန်-မန္တလေး အမြန်လမ်းနှင့် ရန်ကုန်-မန္တလေး လမ်းဟောင်းတို့မှ တစ်လှည့်စီ မောင်းနှင် သွားလာနေရကြောင်းလည်း သိရသည်။



