back

မန္တလေးမြို့ Sky Villa အဆောက်အဦးပြိုကျမှုတွင် ၄၃ ဦးကို အသက်ရှင်လျက် ကယ်တင်နိုင်ခဲ့

Mar 30 • 12:35 AM

breaking-news

မြန်မာ

မန္တလေး

cover

မန္တလေးမြို့ Sky Villa အဆောက်အဦးပြိုကျမှုတွင် ၄၃ ဦးကို အသက်ရှင်လျက် ကယ်တင်နိုင်ခဲ့

မတ် ၂၉ရက်နေ့ မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်ရှိ Sky Villa Condo အဆောက်အဦး ပြိုကျမှုကြောင့် ပိတ်မိနေသူများထဲမှ ၄၃ ဦးကို အသက်ရှင်လျက်ကယ်တင်နိုင်ခဲ့ကြော...

မတ် ၂၉ရက်နေ့ မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်ရှိ Sky Villa Condo အဆောက်အဦး ပြိုကျမှုကြောင့် ပိတ်မိနေသူများထဲမှ ၄၃ ဦးကို အသက်ရှင်လျက်ကယ်တင်နိုင်ခဲ့ကြောင်း မီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။၁၁ ထပ်အမြင့်ရှိသော Sky Villa Condo သည် မတ်လ ၂၈ ရက် ငလျင်ကြောင့် ပြိုကျခဲ့ပြီး၊ ၄ ထပ်မြေထဲကျွံဝင်သွားမှုကြောင့် လူအများအပြား ပိတ်မိခဲ့ကြောင်း သိရသည်။ မီးသတ်တပ်ဖွဲ့နှင့် အရန်ကယ်ဆယ်ရေးအဖွဲ့များ ပူးပေါင်းဆောင်ရွက်မှုဖြင့် သေဆုံးသူ ၉ ဦး၏ ရုပ်အလောင်းများကို တွေ့ရှိခဲ့ပြီး ပိတ်မိနေသူများကို ဆက်လက်ရှာဖွေနေကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ပိတ်မိသေဆုံးသူများထဲတွင် သုခဒိုင်းမွန်းစိန်တိုက်ပိုင်ရှင်မိသားစုပါဝင် သွားကြောင်းလည်း သိရှိရသည်။


news-view-count-icon

13