မတ် ၂၉ ရက်နေ့ Myanmar Idol မှ အဆိုတော် ရဲနောင်၏ ယောက္ခမနှင့် ဇနီးဘက်မှ မိသားစုဝင်များ မန္တလေးမြို့ Sky Villa Condo ပြိုကျမှုတွင်ပါဝင်ခဲ့ပြီး လတ်တလောပျောက်ဆုံးနေဆဲ ဖြစ်ကြောင်း သိရသည်။“၄ လွှာက အသံတွေကြားနေရတယ်တဲ့၊ ဘုရားမလို့ အကုန်လုံးမထိခိုက်ပါစေနဲ့” ဟု ရဲနောင်က လူမှုကွန်ရက်တွင် ဖော်ပြထားပြီး၊ ၎င်း၏ ဇနီး နှင်းဆီလင်းဝင်းကလည်း မိခင်နှင့် မိသားစုဝင်များကို ခြေရာမတွေ့သေးကြောင်း အသိပေးထားသည်။ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်နေသော်လည်း လက်ရှိအချိန်ထိ မတွေ့ရှိနိုင်သေး ကြောင်း သိရသည်။



