ရာသီဥတုပူပြင်းလာသော်လည်း မန္တလေးအနီးရှိ အပန်းဖြေစခန်းများတွင် နယ်မြေအခြေအနေအရ လာရောက်လည်ပတ်သူ နည်းပါးနေကြောင်း ဒေသခံများက ပြောသည်။တင်းကြပ်သော စစ်ဆေးမှုများကြောင့် လူသွားလာမှု ကနည်းပါးလာခြင်းဖြစ်ပြီး “အရင်လို လူမဖြည်းဖြည်းလာတော့ဘူး။ မိသားစုလိုက်ကားလာသူတွေနည်းနည်းပါးပါးပဲဖြစ်နေတယ်” ဟု ပုသိမ်ကြီးမြို့နယ်ရှိ အပန်းဖြေစခန်းဝန်ထမ်းတစ်ဦးက ပြောသည်။ပုသိမ်ကြီးနှင့် ပြင်ဦးလွင်မြို့နယ်အစပ်၊ ဒုတ္ထဝတီမြစ်အနီးရှိ အပန်းဖြေစခန်း ၂၀ ဝန်းကျင်မှ လာရောက်သူ နည်းသဖြင့် လက်ရှိတွင် ၁၀ ခုပဲ ဖွင့်ထားကြောင်း သိရသည်။၂၀၂၁ မတိုင်မီ သောင်းနှင့်ချီလာရောက်လည်ပတ်ကြသော်လည်း ယခုအခါ ၅၀၀ မှ ၃၀၀၀ ထိသာရှိသွားပြီဖြစ်ကြောင်း ဒေသခံများက ဆိုသည်။



