back

နှစ်(၁၂၀)ပြည့်အထိမ်းအမှတ် ထာဝရအကောင်းဆုံးအသင်းကို ချယ်လ်ဆီးအသင်း ရွေးချယ်

Mar 28 • 5:22 AM

breaking-news

မြန်မာ

ပြည်ပ

cover

နှစ်(၁၂၀)ပြည့်အထိမ်းအမှတ် ထာဝရအကောင်းဆုံးအသင်းကို ချယ်လ်ဆီးအသင်း ရွေးချယ်

ချယ်လ်ဆီးအသင်းသည် အသင်းတည်ထောင်မှု နှစ်(၁၂၀)ပြည့်အထိမ်းအမှတ်အဖြစ် ထာဝရအကောင်းဆုံးအသင်းကို ပရိသတ်များ၏ မဲပေးမှုဖြင့် ရွေးချယ်ထုတ်ပြန်ခဲ့ကြောင်း သိရသည်။ ချယ်လ်ဆီး...

ချယ်လ်ဆီးအသင်းသည် အသင်းတည်ထောင်မှု နှစ်(၁၂၀)ပြည့်အထိမ်းအမှတ်အဖြစ် ထာဝရအကောင်းဆုံးအသင်းကို ပရိသတ်များ၏ မဲပေးမှုဖြင့် ရွေးချယ်ထုတ်ပြန်ခဲ့ကြောင်း သိရသည်။ ချယ်လ်ဆီးအသင်းကို ၁၉၀၅ မတ်လတွင် စတင်တည်ထောင်ခဲ့ပြီး ယခုလမှာ အသင်းတည်ထောင်မှု နှစ်ပေါင်း (၁၂၀) ပြည့်သည့်လ ဖြစ်သည်။ ထို့ကြောင့် ချယ်လ်ဆီးအသင်းက ထာဝရအကောင်းဆုံးကစားသမား(၁၁) ဦး သို့မဟုတ် အကောင်းဆုံးအသင်းကို မဲပေးရွေးချယ်စေခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ချယ်လ်ဆီးထာဝရအကောင်းဆုံးအသင်းကို (၄-၃-၃) ပုံစံဖြင့် ရွေးချယ်ခဲ့ပြီး ဂိုး-ပီတာချက်၊ နောက်-အက်ဇ်ပီလီကွယ်တာ၊ တယ်ရီ၊ သီယာဂိုဆေးလ်ဗား၊ အက်ရှ်လေကိုးလ်၊ လယ်-လမ်းပတ်၊ မက်ခီလီလီ၊ ကန်တေ၊ ရှေ့-ဇိုလာ၊ ဟာဇက်နှင့် ဒရော့ဘာတို့ ပါဝင်ခဲ့သည်။

news-view-count-icon

17