အီးဗီ ကမ္ဘာ့ဝယ်လိုအား နှေးနေခြင်းကြောင့် Toyota Motor Corp သည် ဂျပန်နိုင်ငံ အနောက်တောင်ပိုင်း ဖူကူအိုကာ စီရင်စုတွင် လျှပ်စစ်ကားဘက်ထရီ စက်ရုံ တည်ဆောက်မည့် စီမံကိန်းကို ရွှေ့ဆိုင်းထားသည်။
မူလက ယခုနှစ်တွင် ဆောက်လုပ်ရေး စတင်ရန် ဖြစ်သော်လည်း အချိန်အကန့်အသတ်မရှိ ရွှေ့ဆိုင်းထားသည်။


