ရီးယဲလ်မက်ဒရစ်လူငယ်တိုက်စစ်ကစားသမား အန်းဒရစ်သည် လာမည့်နွေရာသီတွင် အသင်းပြောင်းရွှေ့ဖွယ်ရှိနေကြောင်း သိရသည်။ ဘရာဇီးလ်လက်ရွေးစင်တိုက်စစ်မှူး အန်းဒရစ်သည် ပြီးခဲ့သည့်နွေကမှ ဘရာဇီးလ်ကလပ် ပါမီးရပ်စ်အသင်းမှ ရီးယဲလ်မက်ဒရစ်အသင်းသို့ ပြောင်းရွှေ့လာခဲ့သူဖြစ်သည်။ ရီးယဲလ်မက်ဒရစ်တိုက်စစ်တွင် နာမည်ကျော်ကစားသမားများ ရှိနေခြင်းကြောင့် အန်းဒရစ်မှာ ပွဲထွက်ခွင့်ရရန် ရုန်းကန်နေရသည်။ ၎င်းသည် ယခုရာသီတွင် ရီးယဲလ်အသင်းအတွက် ပြိုင်ပွဲစုံ (၂၈) ပွဲတွင် (၆)ဂိုး သွင်းယူထားသော်လည်း ပွဲအများစုမှာ လူစားဝင်အဖြစ်သာ ဝင်ကစားခဲ့ရခြင်းဖြစ်သည်။ လာမည့် ၂၀၂၆ တွင် ကမ္ဘာ့ဖလားပြိုင်ပွဲ ကျင်းပမည်ဖြစ်ရာ အန်းဒရစ်က ဘရာဇီးလ်အသင်းတွင် ရွေးချယ်မခံရမည်ကို စိုးရိမ်ကြောင်း ဖွင့်ဟခဲ့သည်။ ထို့ကြောင့် အန်းဒရစ်သည် လာမည့်နွေတွင် ပွဲထွက်ခွင့်ရနိုင်သည့်အသင်းတစ်သင်းသို့ ပြောင်းရွှေ့ကစားဖွယ်ရှိနေကြောင်း သိရသည်။
| 19 | 0 | 0 | 0 |


