ဘာစီလိုနာကွင်းလယ်တိုက်စစ်ကစားသမား အော်လ်မိုက မိမိတို့ကစားသမားများအနေဖြင့် ဆုဖလားအားလုံးကို ရယူနိုင်မည်ဟု ယုံကြည်နေကြောင်း ပြောကြားခဲ့သည်။ဘာစီလိုနာအသင်းသည် ယခုရာသီ လာလီဂါပြိုင်ပွဲတွင် ထိပ်ဆုံးမှ ဦးဆောင်နေသလို၊ ချန်ပီယံလိဂ်တွင် ကွာတားဖိုင်နယ်နှင့် စပိန်ဘုရင့်ဖလားတွင် ဆီမီးဖိုင်နယ် တက်ရောက်ထားသည်။ထို့ကြောင့် ဘာစီလိုနာအသင်းသည် ယခုရာသီတွင် ဖလား (၃) လုံး ရယူရန်မျှော်လင့်နေပြီး ယင်းအတွက် အသင်းကစားသမားများအားလုံး ယုံကြည်မှုရှိနေကြောင်း အော်လ်မိုက ဖွင့်ဟခဲ့ခြင်းဖြစ်သည်။အော်လ်မိုက ''အသင်းရဲ့ရည်မှန်းချက်က အနိုင်ရဖို့ပါ။ ကျွန်တော်တို့က အမြဲတမ်း အနိုင်လိုချင်ပြီး အဲဒါက အသင်းရဲ့ Philosophy လည်း ဖြစ်ပါတယ်။ အခုက ရာသီတစ်ခုရဲ့ အကောင်းဆုံးအချိန်ကို ရောက်လာတော့မှာပါ။ ကျွန်တော်တို့အားလုံးအဆင်ပြေပြီး အသင့်ဖြစ်နေပါပြီ။ ကျွန်တော်တို့အနေနဲ့ ဆုဖလားအားလုံးကို ရယူနိုင်မယ်လို့ ယုံကြည်ပါတယ်''ဟု ဆိုခဲ့သည်။
Mar 28 • 4:12 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 17 | 0 | 0 | 0 |


