back

ဒေါ့မွန်အသင်းသို့ ပြန်လည်ပြောင်းရွှေ့ရန် ဆန်ချို အလိုရှိ

Mar 28 • 4:12 AM

breaking-news

မြန်မာ

ပြည်ပ

cover

ဒေါ့မွန်အသင်းသို့ ပြန်လည်ပြောင်းရွှေ့ရန် ဆန်ချို အလိုရှိ

ချယ်လ်ဆီးအသင်းတွင် အငှားသွားရောက်ကစားနေသည့် မန်ယူတောင်ပံကစားသမား ဆန်ချိုသည် ဒေါ့မွန်အသင်းထံသို့ ပြန်လည်ပြောင်းရွှေ့ရန်အလိုရှိနေကြောင်း ဂျာမန်သတင်းစာ Bild က ဖော်...

ချယ်လ်ဆီးအသင်းတွင် အငှားသွားရောက်ကစားနေသည့် မန်ယူတောင်ပံကစားသမား ဆန်ချိုသည် ဒေါ့မွန်အသင်းထံသို့ ပြန်လည်ပြောင်းရွှေ့ရန်အလိုရှိနေကြောင်း ဂျာမန်သတင်းစာ Bild က ဖော်ပြခဲ့သည်။ ဆန်ချို(၂၅ နှစ်)သည် ၂၀၂၁ တွင် မန်ယူအသင်းသို့ မပြောင်းရွှေ့မီက ဒေါ့မွန်အသင်းတွင် (၄) နှစ်ကြာ ကစားခဲ့သူဖြစ်သည်။ ၎င်းသည် မန်ယူအသင်းသို့ပြောင်းရွှေ့ပြီးနောက် ခြေစွမ်းမပြနိုင်သဖြင့် ၂၀၂၄ ဇန်နဝါရီတွင် ဒေါ့မွန်သို့ ရာသီဝက်အငှားသွားရောက်ကစားခဲ့သလို၊ ယခုရာသီတွင် ချယ်လ်ဆီးအသင်းသို့ အငှားချခံခဲ့ရသည်။ချယ်လ်ဆီးအသင်းအနေဖြင့် ဆန်ချိုအား အပြီးသတ်ခေါ်ယူဖွယ်မရှိရာ ကစားသမားသည် ဒေါ့မွန်သို့သာ ပြန်လည်ပြောင်းရွှေ့လိုနေကြောင်း သိရသည်။

news-view-count-icon

13