မတ်လ ၂၈ရက်နေ့မှာ ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်-ပြည်လမ်း၊ မြေနီကုန်းခုံးကျော်တံတားအနီး၊ အထက (၂) စမ်းချောင်းရှေ့မှာ မနေ့ကည သန်းခေါင်ယံအချိန် အိမ်စီးယာဥ်တစ်စီး အရှိန်လွန် တိမ်းမှောက်မှု ဖြစ်ပွားခဲ့ရာမှာ ယာဥ်မောင်းလူငယ်သေဆုံးပြီး လိုက်ပါလာတဲ့ အမဖြစ်သူ စိုးရိမ်ဒဏ်ရာရခဲ့ပေမဲ့ ကလေးငယ်နှစ်ဦး မစိုးရိမ်ရဒဏ်ရာတွေသာ ရခဲ့တယ်လို့ သိရပါတယ်။



