မတ်လ ၂၈ရက်နေ့ ကြေငြာချက်အရမြန်မာနိုင်ငံ၊ ကရင်ပြည်နယ်၊ မြဝတီခရိုင်မှ တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်လာသည့် မြန်မာနိုင်ငံသား ၁၀ ဦးကို ထိုင်းတပ်မတော်၊ ရဲတပ်ဖွဲ့နှင့် အုပ်ချုပ်ရေး ဦးစီးဌာနပါဝင်သည့် ပူးပေါင်းအဖွဲ့က ဖမ်းဆီးအရေးယူထားကြောင်း မတ်လ ၂၇ ရက်က ထိုင်းအာဏာပိုင်များ၏ ပြောဆိုချက်ကို ကိုးကား၍ ဒေသတွင်း သတင်းများတွင် ဖော်ပြကြသည်။



