မတ် ၂၇ ရက်နေ့မှာ ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ A.V. Alexandrov Acadamic Song and Dance Ensemble of the Army အဖွဲ့၏ ဖျော်ဖြေပွဲကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရုံးအမှတ်(၃၅)ရှိ လေ့ကျင့်ရေးဇာတ်ရုံ၌ ကျင်းပသည်။ ဖျော်ဖြေပွဲသို့ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက် ကြည့်ရှုအားပေးခဲ့ကြသည်။



