ရှမ်းမြောက် ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာရွာမှာ မနေ့ မတ်လ ၂၆ ရက် နေ့လယ်က သက်ကြီးပိုင်း အမျိုးသားတစ်ဦး မိုင်း နင်းမိပြီး ညာခြေထောက် ပြတ်သွားကြောင်း ဒေသခံတွေဆီက သိရပါတယ်။ ဒေသခံတွေက ခြံထဲနဲ့ တောထဲ ဟင်းသီး ဟင်းရွက်ရှာဖို့သွားရင် မိုင်း နင်းမိတာအပြင် ဗုံး ထိမိရာက ပေါက်ကွဲလို ထိခိုက်ဒဏ်ရာ ရသူတွေ များတယ်လို့ မိုင်းအန္တရာယ် အသိပညာပေး အကူအညီ ပေးနေသူတစ်ယောက်က ပြောပါတယ်။



