မကွေးတိုင်း၊ဂန့်ဂေါခရိုင်၊ဆောမြို့နယ်ဒေသအတွင်းရှိ အရက်၊ဘီယာဆိုင် များကိုအကန့်အသတ်မရှိယာယီ ပိတ်ထားရန်၊ဆက်လက်ရောင်းချသူများ တွေ့ရှိပါကဒဏ်ငွေ သိန်း ၅၀ ပေးဆောင်ရမယ်လို့ ယမန်နေ့ မတ်လ၂၆ ရက် နေ့မှာ ထုတ်ပြန်ထားပါတယ်။အဆိုပါထုတ်ပြန်ချက်မှာတော့ အရက်၊ဘီယာ များသုံးစွဲကာဆောမြို့နယ်အတွင်း မူးယစ်ရမ်း ကားတာတွေဖြစ်ပြီးမလိုလားအပ်တဲ့ ပြဿနာတွေ မကြာခဏ ဖြစ်ပွားတာကြောင့် သက်ဆိုင် ရာကွက်ကဲရေး၊အုပ်ချုပ်ရေးအဖွဲ့များနဲ့ ညှိနှိင်း ဆွေးနွေးပြီး ထုတ်ပြန်တာလို့ဖော်ပြထားပါတယ်။ဆက်လက်ပြီး ဆောမြို့နယ်အတွင်းရှိ အရက် ၊ ဘီယာအရောင်းဆိုင်များကို မတ်လ ၂၇ ရက်နေ့ကစပြီးအကန့်အသတ်မရှိ ယာယီပိတ်သိမ်း တော့မှာဖြစ်သလို ၊ထုတ်ပြန်ထားတဲ့စည်းကမ်းချက်များကို လိုက်နာမှုမရှိပါက ထိထိရောက်ရောက် အရေးယူသွားမှာဖြစ်တယ်လို့အသိပေးထားပါတယ်။



