စစ်ကိုင်းတိုင်း၊ တမူးခရိုင်၊ ခမ်းပတ်မြို့တွင် မပေါက်ကွဲသေးသည့် ဗုံးသီးမှ ယမ်းမှုန့်ထုတ်ယူရာတွင် ပေါက်ကွဲမှုဖြစ်ပွား၍ ချင်းအမျိုးသားတစ်ဦးသေဆုံးခဲ့ကြောင်း ဒေသခံများထံက သိရှိရသည်။သေဆုံးသူသည် ခမ်းပတ်မြို့၊ ကာနန်ကျေးရွာမှ အသက် ၄၉ နှစ်အရွယ် Salai Thangchhuaka ဖြစ်သည်။ယမန်နေ့ မတ်လ ၂၇ ရက်နေ့တွင် Salai Thangchhuaka သည် ၎င်း ကောက်ယူရရှိထားသည့် မပေါက်ကွဲသေးသည့် ဗုံးသီးမှ ငါးမိုင်းခွဲရန် ယမ်းမှုန့်များ ထုတ်ယူရာတွင် မတော်တဆ ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။



