back

မြောက်ဒဂုံ မ.ဝ.တ. လမ်းဆုံတွင် YBS ယာဉ်ဘရိတ်ပေါက်ကာ လမ်းဘေးဓာတ်တိုင်နှင့် ဆိုင်ကယ်အား ဝင်ရောက်တို-က်မိမှုဖြစ်ပွား

Mar 27 • 11:46 AM

breaking-news

မြန်မာ

ရန်ကုန်

cover

မြောက်ဒဂုံ မ.ဝ.တ. လမ်းဆုံတွင် YBS ယာဉ်ဘရိတ်ပေါက်ကာ လမ်းဘေးဓာတ်တိုင်နှင့် ဆိုင်ကယ်အား ဝင်ရောက်တို-က်မိမှုဖြစ်ပွား

ယနေ့ မတ်လ (၂၇)ရက် နံနက်(၇)နာရီခွဲအချိန်ခန့်ကရန်ကုန်တိုင်ဒေသကြီး၊ ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ် မ.ဝ.တ. လမ်းဆုံတွင် YBS ယာဉ်တစ်စီး ဘရိတ်ပေါက်၍ လမ်းဘေးဓာတ်တိ...

ယနေ့ မတ်လ (၂၇)ရက် နံနက်(၇)နာရီခွဲအချိန်ခန့်ကရန်ကုန်တိုင်ဒေသကြီး၊ ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ် မ.ဝ.တ. လမ်းဆုံတွင် YBS ယာဉ်တစ်စီး ဘရိတ်ပေါက်၍ လမ်းဘေးဓာတ်တိုင်နှင့် ဆိုင်ကယ်တစ်စီးအား ဝင်ရောက်တိုက်မိမှုဖြစ်ပွားခဲ့ကြောင်း အနီးနားဝန်းကျင်ရှိ ဒေသခံတို့ထံမှ သိရသည်။ အဆိုပါ ယာဉ်မတော်တဆမှု ဖြစ်စဉ်တွင် ဝင်ရောက်တိုက်မိသော လမ်းဘေးရှိ ဓါတ်တိုင်နှင့် ဆိုင်ကယ်တစ်စီးတို့ ထိခိုက်ပျက်စီးမှုအချို့ရှိခဲ့ပြီး အမျိုးသား တစ်ဦးမှာလည်း ထိခိုက်ဒဏ်ရာရခဲ့၍ ၎င်းအား လိုအပ်သည့် မြေပြင်ဆေးကုသမှုများပေးကာ မြောက်ဥက္ကလာဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။




news-view-count-icon

21