လာမည့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ပါဝင်ကစားခြင်း ရှိ၊ မရှိကို အသင်းခေါင်းဆောင် မက်ဆီကိုယ်တိုင် ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း အာဂျင်တီးနားအသင်းနည်းပြဖြစ်သူ စကာလိုနီက ဘရာဇီးလ်အသင်းအား (၄-၁)ဂိုးဖြင့် အနိုင်ရအပြီး ပြောကြားခဲ့သည်။ ဘရာဇီးလ်နှင့်ပွဲအပြီး သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်များက မက်ဆီ၏ ကမ္ဘာ့ဖလားပြိုင်ပွဲနှင့်ပတ်သက်သည့် အကြောင်းကိုသာ ထပ်မံမေးမြန်းခဲ့ရာ စကာလိုနီက ယင်းကိစ္စအတွက် တစ်နှစ်ပတ်လုံး မဖြေရှင်းချင်ကြောင်းနှင့် မက်ဆီအတွက် နေရာပေးထားကြောင်း တုံ့ပြန်ခဲ့သည်။ယခုနိုင်ငံတကာရက်သတ္တပတ်တွင် မက်ဆီသည် ကြွက်သားဒဏ်ရာပြဿနာကြောင့် အာဂျင်တီးနားအသင်းပမာဏလူစာရင်းတွင် ပါဝင်ပြီးမှ နုတ်ထွက်ခဲ့ခြင်းဖြစ်သည်။ အာဂျင်တီးနားအသင်းအနေဖြင့် မက်ဆီ မပါဝင်သော်လည်း ဒေသတွင်း ထိပ်သီးပြိုင်ဘက်များကို အနိုင်ရကာ ကမ္ဘာ့ဖလားခြေစစ်ပွဲ အောင်မြင်ခဲ့သည်။
Mar 27 • 9:06 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 19 | 0 | 0 | 0 |


