back

ထိုင်းတွင် ဆေးရုံ၏ အမှားကြောင့် မိဘများက သဂြိုလ်ရန် ပြုလုပ်ချိန်တွင် သေဆုံးသူမှာ သားမဟုတ်ဘဲ သူငယ်ချင်းဖြစ်နေ

Mar 27 • 9:08 AM

breaking-news

မြန်မာ

ပြည်ပ

cover

ထိုင်းတွင် ဆေးရုံ၏ အမှားကြောင့် မိဘများက သဂြိုလ်ရန် ပြုလုပ်ချိန်တွင် သေဆုံးသူမှာ သားမဟုတ်ဘဲ သူငယ်ချင်းဖြစ်နေ

ထိုင်းနိုင်ငံ၊ ဖတ်ထလုံခရိုင်တွင် ဆိုင်ကယ် အက်စီးဒင့်ဖြစ်ပွားပြီး သားဖြစ်သူ သေဆုံးသွားကြောင်း ဆေးရုံကပြောသဖြင့် မိဘများက သဂြိုလ်ရန် ပြုလုပ်ချိန်၌ သေဆုံးသူမှာ သား...

ထိုင်းနိုင်ငံ၊ ဖတ်ထလုံခရိုင်တွင် ဆိုင်ကယ် အက်စီးဒင့်ဖြစ်ပွားပြီး သားဖြစ်သူ သေဆုံးသွားကြောင်း ဆေးရုံကပြောသဖြင့် မိဘများက သဂြိုလ်ရန် ပြုလုပ်ချိန်၌ သေဆုံးသူမှာ သားမဟုတ်ဘဲ သားဖြစ်သူ၏ သူငယ်ချင်းဖြစ်နေခဲ့သည်ကို သိရှိခဲ့ရသည်။ဖြစ်စဉ်မှာ ပြီးခဲ့သည့် မတ်လ ၂၂ ရက်နေ့က ဖတ်ထလုံခရိုင်တွင် ဆိုင်ကယ် အက်စီးဒင့်ဖြစ်ပွားမှုကြောင့် ဒေသတွင်းရှိ လူမှုကယ်ဆယ်ရေးအဖွဲ့တစ်ခုက ထိခိုက်ဒဏ်ရာရရှိသူ ထိုင်းလူငယ် ၂ ဦးကို ဖတ်ထလုံဆေးရုံကြီးသို့ အရေးပေါ်တင်ပို့ခဲ့ရသည်။ထိုနောက် ဆေးရုံ၌ ဆေးကုသမှုခံယူနေစဉ် သားဖြစ်သူသေဆုံးပြီဟု ဆေးရုံတာဝန်ရှိသူများမှ မိဘများထံ အကြောင်းကြားလာသဖြင့် မိဘများမှ ဆေးရုံသို့ သွားရောက်ကာ အလောင်းအား သားဖြစ်သူအမှတ်ဖြင့် လက်ခံခဲ့ပြီး အိမ်သို့ ပြန်သယ်ဆောင်လာကာ ဗုဒ္ဓဘာသာ ဓလေ့ထုံတမ်းအရ သဂြိုလ်ရန် ပြင် ဆင်ခဲ့ကြသည်။မိဘနှစ်ပါးက ဗုဒ္ဓဘာသာ ဓလေ့ထုံတမ်းအရ ရုပ်အလောင်းကို ၃ ရက်ကြာ နေအိမ်၌ထားပြီး သဂြိုလ်ရန် ပြုလုပ်နေစဉ်တွင် သေဆုံးသူမှာ မိမိတို့၏သားမဟုတ်ဘဲ သူ့၏ သူငယ်ချင်း ရုပ်အလောင်း ဖြစ်နေကြောင်း သိရှိခဲ့ရသည်။


news-view-count-icon

17