back

ဂါဇာမှရာနှင့်ချီသော ပါလက်စတိုင်းများက ဟားမတ်စ်အဖွဲ့ကို ဆန္ဒပြ

Mar 27 • 9:05 AM

breaking-news

မြန်မာ

ပြည်ပ

cover

ဂါဇာမှရာနှင့်ချီသော ပါလက်စတိုင်းများက ဟားမတ်စ်အဖွဲ့ကို ဆန္ဒပြ

ရာနှင့်ချီသော ပါလက်စတိုင်းများသည် ဂါဇာမြောက်ပိုင်းတွင် ဆန္ဒပြခဲ့ကြပြီး စစ်ပွဲ အဆုံးသတ်ရေး တောင်းဆိုကာ ဟားမတ်စ် ထွက်သွားဟု ကြွေးကြော်ခဲ့ကြသည်ကို ဆိုရှယ်မီဒီယာပို...

ရာနှင့်ချီသော ပါလက်စတိုင်းများသည် ဂါဇာမြောက်ပိုင်းတွင် ဆန္ဒပြခဲ့ကြပြီး စစ်ပွဲ အဆုံးသတ်ရေး တောင်းဆိုကာ ဟားမတ်စ် ထွက်သွားဟု ကြွေးကြော်ခဲ့ကြသည်ကို ဆိုရှယ်မီဒီယာပို့စ်များတွင် တွေ့ရသည်။ ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၇ ရက်‌နေ့တွင် အစ္စရေးနယ်မြေအတွင်း ဟားမတ်စ်တို့ ဝင်ရောက်တိုက်ခိုက်ရာမှ အစပြုခဲ့သည့် လက်ရှိဖြစ်နေသော စစ်ပွဲအတွက် စစ်သွေးကြွအုပ်စုကို ရှားရှားပါးပါး လူသိရှင်ကြား ဆန့်ကျင်ပွဲလုပ်ခဲ့ကြခြင်းဖြစ်သည်။ ဂါဇာမြောက်ပိုင်းသည် ဂါဇာကမ်းမြောင်တွင် အပျက်အစီးအများဆုံးဒေသများထဲတွင် ပါဝင်သည်။ လူနေထူထပ်သော ဧရိယာရှိ အဆောက်အအုံအများစုသည် အပျက်အစီးပုံများအဖြစ် သို့ ရောက်ရှိသွားခဲ့ပြီး ဒေသခံများစွာသည် တိုက်ပွဲများမှ လွတ်မြောက်ရေးအတွက် အကြိမ်ကြိမ် ရွှေ့ပြောင်းခဲ့ကြရသည်။

news-view-count-icon

22