back

ကာစီနိုလောင်းကစားကို တရားဝင်ခွင့်ပြုတဲ့ ဥပဒေကြမ်း ထိုင်းအစိုးရ အတည်ပြု

Mar 27 • 8:56 AM

breaking-news

မြန်မာ

ပြည်ပ

cover

ကာစီနိုလောင်းကစားကို တရားဝင်ခွင့်ပြုတဲ့ ဥပဒေကြမ်း ထိုင်းအစိုးရ အတည်ပြု

ထိုင်းအစိုးရဟာ ပြည်ပခရီးသွားတွေကို ဆွဲဆောင်ဖို့နဲ့ ဂိမ်းလုပ်ငန်းကို တည်ဆောက်ဖို့ ကြိုးပမ်းမှုအဖြစ် ကာစီနိုနဲ့ အခြားလောင်းကစားတွေပါဝင်တဲ့ ဖျော်ဖြေရေးနေရာတွေကို တ...

ထိုင်းအစိုးရဟာ ပြည်ပခရီးသွားတွေကို ဆွဲဆောင်ဖို့နဲ့ ဂိမ်းလုပ်ငန်းကို တည်ဆောက်ဖို့ ကြိုးပမ်းမှုအဖြစ် ကာစီနိုနဲ့ အခြားလောင်းကစားတွေပါဝင်တဲ့ ဖျော်ဖြေရေးနေရာတွေကို တရားဝင်ခွင့်ပြုတဲ့ ဥပဒေကြမ်းတရပ်ကို မတ်လ၂၇ရက်‌နေ့မှာ အတည်ပြုလိုက်ပါတယ်။ထိုင်းနိုင်ငံမှာ အစိုးရထီနဲ့ မြင်းပြိုင်ပွဲလိုအရာတွေ့လွဲပြီး လောင်းကစားအများစုကို ပိတ်ပင်ထားပေမယ့် ပြည်ပဧည့်သည်တွေကို ဆွဲဆောင်နိုင်ရေး၊ အလုပ်အကိုင်ဖန်တီးရေးနဲ့ နိုင်ငံဘဏ္ဍာဖန်တီးနိုင်ဖို့အတွက် ကာစီနိုလောင်းကစားကို ခွင့်ပြုဖို့ အစိုးရအဆက်ဆက် ဖိအားပေးခဲ့ကြပါတယ်။ဒါပေမယ့် ထိုင်းအစိုးရက လက်ရှိအတည်ပြုလိုက်တဲ့ ဥပဒေကြမ်းထဲမှာ လောင်းကစားရုံတွေကို သွားရောက်မယ့်သူတွေကို သိသာထင်ရှားစွာ ကန့်သတ်မှုတွေရှိနေပြီး ဝင်ကြေး ဘတ် ၅၀၀၀ နဲ့ ဘဏ်အပ်ငွေ ဘတ်သန်း ၅၀ ရှိမှာသာ ကစားနိုင်မှာဖြစ်ပါတယ်။


news-view-count-icon

17