ထိုင်း-မြန်မာနယ်စပ်၊ ရှမ်းပြည်နယ်အရှေ့ပိုင်းမှာ အခုမတ်လ၊ နောက်ဆုံးပါတ်အတွင်း စက်သုံးဆီဝယ်ယူရ ခက်ခဲနေတဲ့အတွက် စိုက်ပျိုးရေးလုပ်ကိုင်သူတွေ အခက်အခဲကြုံတွေ့နေရတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။တာချီလိတ်၊ ကျိုင်းတုံ၊ မိုင်းဆတ်၊ မိုင်းတုံ၊ မိုင်းဖြတ်၊ မိုင်းယောင်းစတဲ့ မြို့နယ်တွေက ကျေးရွာတွေဟာ စိုက်ပျိုးရေး လုပ်ကိုင်ဖို့အတွက် စက်သုံးဆီအရောင်းဆိုင်(ဆီပန်စ့်)တွေက ရောင်းချပေးတဲ့ စက်သုံးဆီတွေကို အားထားနေရတာဖြစ်ပြီး လက်ရှိမှာ ရောင်းချပေးတာ မရှိတဲ့အတွက် အခက်ကြုံနေရတယ်လို့ ဆိုပါတယ်။



