back

လက်မှတ်ရောင်းချတဲ့ ဝက်ဘ်ဆိုက်နဲ့ ဘိုလီရဲ့ ဆက်နွယ်မှုတွေကို စုံစမ်းစစ်ဆေးပေးဖို့ ပရီးမီးယားလိဂ်ကို ချယ်လ်ဆီးပရိသတ်များ တောင်းဆို

Mar 27 • 7:12 AM

breaking-news

မြန်မာ

ပြည်ပ

cover

လက်မှတ်ရောင်းချတဲ့ ဝက်ဘ်ဆိုက်နဲ့ ဘိုလီရဲ့ ဆက်နွယ်မှုတွေကို စုံစမ်းစစ်ဆေးပေးဖို့ ပရီးမီးယားလိဂ်ကို ချယ်လ်ဆီးပရိသတ်များ တောင်းဆို

လက်မှတ်တချို့ကို ပုံမှန်ဈေးနှုန်းထက် ဒေါ်လာထောင်ပေါင်းများစွာ အဆမတန် ဈေးနှုန်းနဲ့ တဆင့်ပြန်လည်ရောင်းချနေတဲ့ ဝက်ဘ်ဆိုက်နဲ့ ပူးတွဲပိုင်ရှင် တော့ဒ်ဘိုလေရဲ့ ဆက်နွယ်...

လက်မှတ်တချို့ကို ပုံမှန်ဈေးနှုန်းထက် ဒေါ်လာထောင်ပေါင်းများစွာ အဆမတန် ဈေးနှုန်းနဲ့ တဆင့်ပြန်လည်ရောင်းချနေတဲ့ ဝက်ဘ်ဆိုက်နဲ့ ပူးတွဲပိုင်ရှင် တော့ဒ်ဘိုလေရဲ့ ဆက်နွယ်မှုတွေကို စုံစမ်းစစ်ဆေးပေးဖို့ ချယ်လ်ဆီးပရိသတ်တွေက ပရီးမီးယားလိဂ်ကို တောင်းဆိုလိုက်ကြပါတယ်။လိဂ်အဖွဲ့ချုပ်က "အသိအမှတ်မပြုတဲ့ လက်မှတ်ဝက်ဘ်ဆိုက်" အဖြစ် ဖော်ပြထားတဲ့ အမေရိကန်ကုမ္ပဏီ Vivid Seats ရဲ့ ဒါရိုက်တာဘုတ်အဖွဲ့မှာ ဘိုလေ ပါဝင်ပတ်သက်ပြီး ပရိသတ်တွေအနေနဲ့ ဒီဆိုက်ကို အသုံးပြုရင်တော့ "အလွန်အမင်း သတိထားသင့်တယ်" လို့ ပြောပါတယ်။


news-view-count-icon

20