back

နေပြည်တော်တွင် အလှည့်ကျမီးဖြတ်မှုကြောင့် သားငါးရောင်းသူများ ရောင်းအားကျခြင်း စိုးရိမ်နေ

Mar 27 • 7:16 AM

breaking-news

မြန်မာ

နေပြည်တော်

cover

နေပြည်တော်တွင် အလှည့်ကျမီးဖြတ်မှုကြောင့် သားငါးရောင်းသူများ ရောင်းအားကျခြင်း စိုးရိမ်နေ

နေပြည်တော်မြို့နယ်များတွင် လျှပ်စစ်မီး အလှည့်ကျ ဖြတ်တောက်မှုကြောင့် မိုဘိုင်းဟင်းထုတ်သမားများ ရောင်းအားကျလာမည်ကို စိုးရိမ်နေကြသည်။ သုံးဘီးဖြင့် သားငါးနှင့် ဟင်း...

နေပြည်တော်မြို့နယ်များတွင် လျှပ်စစ်မီး အလှည့်ကျ ဖြတ်တောက်မှုကြောင့် မိုဘိုင်းဟင်းထုတ်သမားများ ရောင်းအားကျလာမည်ကို စိုးရိမ်နေကြသည်။ သုံးဘီးဖြင့် သားငါးနှင့် ဟင်းသီးဟင်းရွက်များ ရောင်းဝယ်သူတစ်ဦးက “လျှပ်စစ်မီး ပျက်ချိန်တွေက လူတွေ ချက်ပြုတ်စားသောက်မယ့် အချိန်တွေပဲမို့ ရောင်းအား အရမ်းကျလာတယ်” ဟု ပြောသည်။လက်ရှိတွင် နေပြည်တော်မြို့နယ်များတွင် မီးအားကို (A) မှ (F) အုပ်စုဖြင့် တစ်ရက်လျှင် (၂) ကြိမ်၊ (၄) နာရီပျက် (၄) နာရီလာ စနစ်ဖြင့် ဖြတ်တောက်နေသည်။ ထိုကြောင့် ချက်ပြုတ်ခြင်း အခက်အခဲဖြစ်၍ ဟင်းထုတ်ရောင်းဝယ်မှု အားနည်းသွားနေကြောင်း သိရသည်။


news-view-count-icon

13