ယခုနှစ် ကျင်းပပြုလုပ်မည့် မြန်မာနေရှင်နယ်လိဂ်-၂ ပြိုင်ပွဲသို့ ပြည်တွင်းကလပ်အသင်းတစ်သင်းဖြစ်သည့် Young Boy FC က တန်းတက်ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိခဲ့ပြီဖြစ်ကြောင်း နေရှင်နယ်လိဂ်ကော်မတီထံက သိရသည်။တန်းတက်ခွင့်ရရှိရန်အတွက် MNL 2 Promotion Amateur Club Tournament 2025ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နေသည့် Young Boy အသင်းသည် ယနေ့မတ်လ (၂၆)ရက် ဆီမီးဖိုင်နယ်ပွဲစဉ်အတွင်း 10/Mon FC ကို (၃)ဂိုး(၁) ဂိုးဖြင့် ဂိုးပြတ်အနိုင်ရကာ တန်းတက်ခွင့်ရရှိခဲ့ခြင်းဖြစ်သည်။



