ရန်ကုန်မြို့ရှိ မြို့နယ်များတွင် လျှပ်စစ်မီးရရှိချိန် ယခင်ကထက်လျော့နည်းလာသည့်အပြင် စနစ်မကျသည့် ဓာတ်အားပေးမှုပုံစံကြောင့် မြို့နေလူထုအခက်အခဲကြုံတွေ့နေသည်။ရန်ကုန်အရှေ့ပိုင်းခရိုင်ရှိမြို့နယ်များတွင် မတ်လ ၂၄ ရက်နေ့မှစ၍ တရက်ကို ရှစ်နာရီသာ လျှပ်စစ်မီးပေးနိုင်တော့မည်ဖြစ်ကြောင်း မြို့နယ်လျှပ်စစ်မန်နေဂျာရုံးများက သတင်းထုတ်ပြန်ခဲ့သည်။ မီးပြတ်ချိန်များ ပိုတိုးလာသော်လည်း မီးလာရမည့်အချိန်တွင် အတိအကျဖြန့်ဝေမှုမရှိကြောင်း သိရပါသည်။ကျန်ခရိုင်သုံးခုတွင် အလားတူထုတ်ပြန်ချက်မျိုးမရှိသေးသော်လည်း လျှပ်စစ်မီးဆိုးရွားစွာ ပြတ်တောက်နေကြောင်း သိရသည်။ရန်ကင်းမြို့ခံတဦးက လက်ရှိတွင်လျှပ်စစ်မီးတနေ့လျှင် ရှစ်နာရီသာရရှ်ိနေပြီး အိမ်မှုကိစ္စများအတွက် မလုံလောက်တော့ကြောင်း ပြောသည်။



