ပြည်တွင်းတွင် တီဘီရောဂါကာကွယ်ကုသမှုများလုပ်ဆောင်ရာတွင် လတ်တလောအသက်ငါးနှစ်အောက် ကလေးများကို တီဘီရောဂါကာကွယ်ဆေးတိုက်ကျွေးခြင်းရှိသလို အသက် ၅ နှစ်အထက်ရှိသူ များကိုလည်း ကာ ကွယ်ဆေးတိုက်ကျွေးရန် စီစဉ်ထားကြောင်း ကျန်းမာရေးဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။အဆိုပါ တီဘီရောဂါ ကာကွယ်ကုသရေးလုပ်ငန်းများတွင် အသုံးပြုမည့် တီဘီဆေးနှင့် ဆေးပစ္စည်းများကို လည်း နိုင်ငံတော် ရန်ပုံငွေဖြင့် ဝယ်ယူဖြည့်တင်းပေးလျက်ရှိပြီး ၂၀၂၄ - ၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် ရန်ပုံငွေအဖြစ် ကျပ် ၁၅ ဒသမ ၅ ဘီလီယံ ကို ခွဲဝေသုံးစွဲခဲ့ကြောင်း ဆိုထားသည်။



