မတ်လ ၂၆ရက်နေ့တွင် နေပြည်တော်တွင် ပြန်ကြားရေးဝန်ကြီးဌာနက ကြီးမှူးဖွင့်လှစ်သည့် ဥပဒေအသိပညာ ပြန့်ပွားရေး ဆွေးနွေးပွဲတွင် နိုင်ငံသားများနှင့် ဝန်ထမ်းများ ဥပဒေကို သိရှိလိုက်နာရန် လိုအပ်ကြောင်းနှင့် ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်းများကို သိရှိလိုက်နာကျင့်သုံး ဆောင်ရွက်နိုင်စေရေး ဆွေးနွေးခဲ့ကြသည်။



