တရုတ်ကားထုတ်လုပ်သူ Chery သည် တူရကီတွင် နှစ်စဉ် ကားအစီးရေ ၂သိန်း ထုတ်လုပ်သည့် စက်ရုံအသစ်တခု တည်ဆောက်ရန် ကန်ဒေါ်လာ ၁ ဘီလီယံ ရင်းနှီးမြှုပ်နှံမည်ဖြစ်ကြောင်း တူရကီသမ္မတTayyip Erdogan က ဗုဒ္ဓဟူးနေ့ (မတ်လ ၂၆)ရက်တွင် ပြောကြားသည်။ သမ္မတ တိုင်ရစ် အာဒိုဂန်သည် အန်ကာရာရှိ သမ္မတအိမ်တော်တွင် ကျင်းပသည့် အခမ်းအနား၌ Chery ၏ ရင်းနှီးမြှုပ်နှံမှုအတွက် Chery မှ တာဝန်ရှိသူများအား ကျေးဇူးတင်ကြောင်း ဂုဏ်ပြုလွှာ ပေးအပ်ခဲ့သည်။



