back

မြန်မာနိုင်ငံ အွန်လိုင်းလိမ်လည်ဂိုဏ်းမှ မလေးရှားနိုင်ငံသား ၂၅ ဦး မလေးရှားသို့ ပြန်လည်ရောက်ရှိ

Mar 26 • 1:36 PM

breaking-news

မြန်မာ

ပြည်ပ

cover

မြန်မာနိုင်ငံ အွန်လိုင်းလိမ်လည်ဂိုဏ်းမှ မလေးရှားနိုင်ငံသား ၂၅ ဦး မလေးရှားသို့ ပြန်လည်ရောက်ရှိ

မြန်မာနိုင်ငံ ကရင်ပြည်နယ်၊ မြဝတီမြို့ရှိ ခေါ်ဆိုလိမ်လည်စင်တာများမှ လွတ်မြောက်ခဲ့သည့် မလေးရှားနိုင်ငံသား ၂၅ ဦးသည် ဗုဒ္ဓဟူးနေ့ (မတ်လ ၂၆)ရက် ညနေတွင် မလေးရှားသို့ ပ...

မြန်မာနိုင်ငံ ကရင်ပြည်နယ်၊ မြဝတီမြို့ရှိ ခေါ်ဆိုလိမ်လည်စင်တာများမှ လွတ်မြောက်ခဲ့သည့် မလေးရှားနိုင်ငံသား ၂၅ ဦးသည် ဗုဒ္ဓဟူးနေ့ (မတ်လ ၂၆)ရက် ညနေတွင် မလေးရှားသို့ ပြန်လည်ဆိုက်ရောက်ခဲ့သည်။ ၎င်းတို့ကို စစ်ဆေးမေးမြန်းရန်အတွက် မလေးရှား တော်ဝင်ရဲတပ်ဖွဲ့ Royal Malaysia Police (PDRM) သို့ လွှဲပြောင်းပေးအပ်ခဲ့သည်။ ၎င်းတို့သည် မြဝတီမှ ပြန်ရောက်လာသည့် တတိယအသုတ်ဖြစ်သည်။ ပထမအသုတ် ၁၅ ဦးသည် ၂၀၂၅ ဖေဖော်ဝါရီ ၂၄ ရက်တွင် ပြန်လည်ရောက်ရှိခဲ့ပြီး ဒုတိယအသုတ် ၂၅ ဦးသည် မတ်လ ၁၂ ရက်တွင် ပြန်လည်ရောက်ရှိခဲ့သည်။




news-view-count-icon

9