ထိုင်းနိုင်ငံမြောက်ပိုင်း၊ ချင်းမိုင်မြို့ရှိ မြန်မာအများစု ဝယ်ယူစားသောက်လျက်ရှိသော စားသောက်ဆိုင်၏ ဝန်ထမ်းတဦးကို ထိုင်းအာဏာပိုင်များက ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း ချင်းမိုင်လူဝင်မှုကြီးကြပ်ရေးဌာနမှ မတ်လ ၂၆ ရက် ယနေ့ သတင်း ထုတ်ပြန်သည်။ အဆိုပါ မြန်မာစားသောက်ဆိုင်အား ယမန်နေ့က ဝင်ရောက်စစ်ဆေးခဲ့ရာ ဆိုင်ရှိ ဝန်ထမ်းအမျိုးသမီးသည် အစားအသောက်ရောင်းဝယ်ရာတွင် ဝန်ဆောင်မှုပေးသည့်အတွက် ဆိုင်မှ လုပ်အားခ တနေ့ ဘတ် ၂၀၀ ရသည်ဟု ထွက်ဆိုခဲ့ကြောင်း၊ ထို့ကြောင့် ထိုင်းနိုင်ငံ၏ တရားဥပဒေနှင့်အညီ ဖမ်းဆီးအရေးယူသွားမည်ဖြစ်သည်။



