ကမ္ဘောဒီးယားရဲတပ်ဖွဲ့က တရားမဝင်အွန်လိုင်း လှုပ်ရှားမှုများလုပ်ဆောင်ရန် ပြင်ဆင်နေသည့် ထိုင်းနိုင်ငံသား ၆၃ ဦးကို ဖမ်းဆီးထားကြောင်း ပြည်ထဲရေးဝန်ကြီးဌာန၏ စုံစမ်းစစ်ဆေးရေးနှင့် မှုခင်းနှိမ်နင်းရေးကွပ်ကဲမှုအဖွဲ့က မတ်လ ၂၅ ရက် အင်္ဂါနေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။ ယခု ဝင်ရောက်စီးနင်းဖမ်းဆီးမှုကို ထိုင်းနိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်လျက်ရှိသည့် ထိုင်းနိုင်ငံ မြောက်ပိုင်း ပွိုက်ပက်မြို့အနီးရှိနေရာနှစ်ခုအား ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ကြေငြာချက်၌ ဖေါ်ပြထားသည်။



