ထ်ိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ အများပိုင်လမ်းများတွင် စွန့်ပစ်ထားသည့် ကားများကို အရေးယူရန် စီမံချက် စတင်နေပြီဖြစ်ပြီး ပိုင်ရှင်က ဖယ်ရှားရန် ပျက်ကွက်ပါက ဒဏ်ငွေ ၅,၀၀၀ ပေးဆောင်ရမည် ဖြစ်သည်။ တနင်္လာနေ့ (မတ် ၂၄)တွင် စွန့်ပစ်ထားသည့် ကားသုံးစီး တွေ့ရှိခဲ့သည်။ ယာဉ်ပိုင်ရှင်များထံ အကြောင်းကြားခဲ့ရာ ကား ၂ စီးကို ပိုင်ရှင် လာရွှေ့သွားခဲ့ပြီး ကျန်တစီးမှာ ပိုင်ရှင်လာမရွှေ့သဖြင့် ကရိန်းကားဖြင့် ဆွဲယူပြီး သိမ်းဆည်းခဲ့သည်။ ၂၀၂၀ ဇန်နဝါရီလ ၁ ရက်နေ့မှ ယခုနှစ် မတ်လ ၂၂ ရက်နေ့အထိ ဘန်ကောက်မြို့ရှိ လမ်းများတွင် စွန့်ပစ်ထားသော ယာဉ်ပေါင်း ၁,၅၁၆ စီး တွေ့ရှိခဲ့သည်။ အားလုံးနီးပါး ပိုင်ရှင် လာရွှေ့ပေးခဲ့သည်။ ၁၁၇ စီးကို ပိုင်ရှင်မဲ့အဖြစ် သိမ်းဆည်းခဲ့ပြီး လေလံတင် ရောင်းချခဲ့သည်။



