ကရင်နီပြည်၊ ဒီးမော့ဆိုအရှေ့ခြမ်းမှာ မနှစ်ကထက် မန်ကျည်းမှည့်ဈေးနှုန်း ၂ ဆပိုရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ပြီးခဲ့တဲ့နှစ်က မန်ကျည်းသီးအမှည့် တစ်ပိဿာ ခြောက်ရာကျပ်ဝန်းကျင်သာရှိပေမဲ့ ဒီနှစ်မှာတော့ တစ်ပိဿာ တစ်ထောင့်နှစ်ရာအထိ ဈေးတက်လာတယ်လို့ သိရပါတယ်။ ဒီလိုဈေးကောင်းရတာကြောင့် ဒေသခံတွေအပြင် စစ်ဘေးရှောင်တွေလည်း အပြိုင်အဆိုင်ခူးပြီး ရောင်းချသူများလာတာကြောင့် ရွာတွေမှာ အရင်နှစ်ကထက် မန်ကျည်းသီး အကုန်ပိုမြန်တယ်လို့ သူက ပြောပါတယ်။ အခြားကုန်စည်တွေ ဈေးတက်လာတာကြောင့် မန်ကျည်းသီးဈေးလည်း တက်လာတာဖြစ်တယ်လို့ မန်ကျည်းသီးရောင်းဝယ်သူတစ်ဦးကပြောပါတယ်။



