ယခုနှစ်ကျေးလက်တောရွာများတွင်အလှူအတန်းလုပ်သူနည်းပါးသဖြင့်ငါးခြောက်ငါးခြမ်းရောင်းသူများအရောင်းပါးတယ်လို့ငါးခြောက်ရောင်းချသူများထံမှသိရသည်။ယခုနှစ်တွင်နေပြည်တော်ကျေးလက်အတော်များများတွင်ပြီးခဲ့သည့်မိုးကာလလယ်ယာမြေအတော်များများရေကြီးနစ်မြုတ်မှုဒဏ်ခံရပြီးသီးနှံများပျက်စီးခြင်းကြုံရသဖြင့်စီးပွားရေးမပြေလည်မှုများဖြစ်ပေါ်ခဲ့ပြီး၊အလှူ အတန်းလုပ်သူလည်းနည်းပါးခဲ့ကြောင်း၊ရာသီဥတုဒဏ်၊ကုန်ဈေးနှုန်းကြီးမြင့်ဒဏ်၊နိုင်ငံရေးဒဏ်များ၊ဆင်းရဲမှုဒဏ်များကိုမြို့ပေါ်နေသူများထက်၊ကျေးရွာနေပြည်သူများမှာပိုမိုခံစားနေရကြောင်း၊ကျေးရွာနေလူငယ်လူရွယ်များမှာလည်းအလုပ်အကိုင်ရှားပါးမှုများကြောင့်အခြားဒေသများ၊အခြားနိုင်ငံရပ်ခြားများအထိသွားရောက်လုပ်ကိုင်နေရကြောင်းကျေးလက်နေသူတစ်ဦး ဆိုသည်။



