ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့တွင် သောက်ရေသန့်ရေဗူးကြီးများ ဈေးနှုန်းသတ်မှတ်နိုင်ရေး လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲကို မတ်လ ၂၆ ရက် မွန်းလွဲပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပပြုလုပ်ခဲ့ပါတယ်။
လုပ်ငန်းရှင်များက သောက်ရေသန့်ဗူးကြီး ဈေးနှုန်းသတ်မှတ်ရန်၊ ထိုင်းနိုင်ငံ မယ်ဆိုင်မြို့မှ တာချီလိတ်မြို့သို့ သောက်ရေသန့်ကားများ ဝင်ရောက်ရောင်းဝယ် ဖောက်ကားနေသည့်ကိစ္စနှင့် ဖောက်သည်ထံ ရောင်းချထားသော ရေသန့်ဘူးကြီးများအား အခြားရေသန့်ကုမ္မဏီမှ လဲလှယ်ယူသွားသည့် ကိစ္စရပ်သုံးရပ်ကို ဝိုင်းဝန်းဆွေးနွေး ခဲ့ကြပါတယ်။ယခုဆွေးနွေးပွဲကို သောက်ရေသန့်လုပ်ငန်းရှင် ၃၅ ဦး တက်ရောက်ပြီး ယခင် ထိုင်းဘတ်ငွေ ၁၀ ဘတ်ကနေ ၁၅ ဘတ် အဲဒီနောက် ရောင်းချနေသော သောက်ရေသန့်ဗူးကြီး ၁ ဗူးလျှင် ထိုင်းဘတ်ငွေ ၂၀ ဘတ်ဖြင့် ဧပြီလ ၁ ရက်နေ့မှ စတင်ရောင်းချသွားမည်ဖြစ်ကြောင်း သိရပါတယ်။



