back

ဗန်းမောက်နဲ့ ပင်လည်ဘူးမှာ ထိန်းသိမ်းသင့်တဲ့ ဝက်ဝံ မျိုးစိတ်တွေ ခပ်စိပ်စိပ် ဖမ်းခံနေရ

Mar 26 • 1:02 PM

breaking-news

မြန်မာ

စစ်ကိုင်း

cover

ဗန်းမောက်နဲ့ ပင်လည်ဘူးမှာ ထိန်းသိမ်းသင့်တဲ့ ဝက်ဝံ မျိုးစိတ်တွေ ခပ်စိပ်စိပ် ဖမ်းခံနေရ

စစ်ကိုင်းတိုင်း၊ ပင်လည်ဘူးနဲ့ ဗန်းမောက်မြို့နယ်မှာ တောရိုင်းတိရိစ္ဆာတွေဖြစ်တဲ့ လည်ပင်းမှာလခြမ်းပုံသဏ္ဍာန်ပါ ဟိမဝန္တာဝက်ဝံ (Asian Black Bear) တွေကို ခပ်စိပ်စိပ် ...

စစ်ကိုင်းတိုင်း၊ ပင်လည်ဘူးနဲ့ ဗန်းမောက်မြို့နယ်မှာ တောရိုင်းတိရိစ္ဆာတွေဖြစ်တဲ့ လည်ပင်းမှာလခြမ်းပုံသဏ္ဍာန်ပါ ဟိမဝန္တာဝက်ဝံ (Asian Black Bear) တွေကို ခပ်စိပ်စိပ် ဖမ်းဆီးခံနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။မတ်လ ၁၉ ရက်နေ့က ဗန်းမောက်မြို့ အနောက်ခြမ်းက နောင်ကွတ်ရွာမှာ နို့မပြတ်သေးတဲ့ ဝက်ဝံငယ်တစ်ကောင်ကို မုဆိုးတွေက ဖမ်းဆီးရမိခဲ့ပြီး၊ ဘုန်းကြီးကျောင်းဆောက်ဖို့အတွက် ရောင်းချသွားမယ်လို့ ပြောဆိုနေကြောင်း ဒေသခံအမျိုးသားတစ်ဦးက ပြောပါ‌တယ်။ဒါ့အပြင် မတ်လ ၂၃ ရက်နေ့ကလည်း ပင်လည်ဘူး မြောက်ခြမ်းက ရွာတစ်ရွာမှာ ဟိမဝန္တာဝက်ဝံ အမျိုးအစား အမတစ်ကောင်ကို သားပေါက်လေးတွေနဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့လည်း နောက်ထပ် ဒေသခံတစ်ဦးက ပြောပါတယ်။မြန်မာနိုင်ငံမှာတော့ လည်ပင်းမှာလခြမ်းပုံသဏ္ဍာန်ပါတဲ့ ဟိမဝန္တာဝက်ဝံ (Asian Black Bear) နဲ့ လည်ပင်းမှာအဝိုင်းပုံသဏ္ဍာန်ပါတဲ့ မြင်းဝံ၊ လဝက်ဝံ စတဲ့ ဝက်ဝံမျိုးစိပ် (၂) မျိုးရှိပြီးတော့ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ် စတဲ့ ဒေသတွေမှာ အဓိက တွေ့နိုင်ကြောင်း သိရပါတယ်။



news-view-count-icon

16