မန္တလေးမြို့လယ်ကောင်ဖြစ်တဲ့ ချမ်းအေးသာစံမြို့ နယ်၊အောင်နန်းရိပ်သာအနောက်ရပ်ကွက်၊အကွက် (၅၇၈)၊၈၄ လမ်းလမ်း၃၀နဲ့၃၁လမ်းကြားက မလွန် ဆန်လှူသင်းပိုင်အဆောက်အဦရဲ့ တတိယထပ်က လူနေတိုက်ခန်းမှာ မတ် လ၂၆ ရက်ညနေ၅နာရီ၄၀မိနစ်ခန့်က မီးလောင်မှုတစ်ခုဖြစ်ပွားခဲ့ပါတယ်။ မီးလောင်မှုဖြစ်ပွားရတဲ့အကြောင်းအရင်းနဲ့ပျက်စီးဆုံး ရှုံးမှုအခြေအနေကို မီးသတ်ဦးစီးဌာနက စိစစ်တွက်ချက်နေဆဲလို့ သိရပါတယ်။



