back

ဟုမ္မလင်းမြို့နယ်မှာ နေ့အပူချိန်တွေ တဖြည်းဖြည်း မြင့်တက်လာ

Mar 26 • 1:00 PM

breaking-news

မြန်မာ

စစ်ကိုင်း

cover

ဟုမ္မလင်းမြို့နယ်မှာ နေ့အပူချိန်တွေ တဖြည်းဖြည်း မြင့်တက်လာ

စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ဟုမ္မလင်းမြို့နယ်မှာ မတ်လ စတုတ္ထပါတ်မှစပြီး နေ့အပူချိန် တစ်ဖြည်းဖြည်းမြင့်တက်လာနေပါတယ်။မတ်လ ၂၆ ရက်နေ့ ဟုမ္မလင်းမြို့နယ်ရဲ့ နေ့လ...

စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ဟုမ္မလင်းမြို့နယ်မှာ မတ်လ စတုတ္ထပါတ်မှစပြီး နေ့အပူချိန် တစ်ဖြည်းဖြည်းမြင့်တက်လာနေပါတယ်။မတ်လ ၂၆ ရက်နေ့ ဟုမ္မလင်းမြို့နယ်ရဲ့ နေ့လည်အပူချိန်ဟာ ၁ နာရီမှ ၃ နာရီအချိန်ထိက ၃၇ ဒီဂရီစင်တီဂရိတ်ထိ ရှိလာနေပါတယ်။မြင့်မားလာနေတဲ့အပူချိန်တွေကြောင့် ရေဓာတ်မဆုံးရှံးစေဖို့ ရေသန့်များများသောက်သုံးဖို့လိုအပ်မှာဖြစ်ပြီး အထူးသဖြင့် ကလေးသူငယ်များနှင့် သက်ကြီးရွယ်အိုတွေဟာ ကျန်းမာရေးပိုဂရုစိုက်သင့်တယ်လို့လည်းသိရပါသည်။စစ်ကိုင်းတိုင်းဒေသကြီးမှာ ၂၀၀၁ ခုနှစ်ကနဲ့ နှိုင်းယှဉ်မယ်ဆိုရင် သစ်တောဆုံးရှုံးမှုပမာဏ ၅၆ ရာခိုင်နှုန်းအထိရှိလာနေပြီး ခန္တီး ၊ကသာ ၊ မော်လိုက်မြို့နယ်မှာ သစ်တောဆုံးရှုံးမှုပမာဏအများဆုံးမြို့တွေလည်းဖြစ်ပါတယ်။



news-view-count-icon

8