လာမယ့် မတ်လ ၃၀ ရက်ကစပြီး Starting Point စီးပွားရေးအိုင်ဒီယာပြိုင်ပွဲကို ရန်ကုန်မြို့၊ တာမွေမြို့နယ် ရွှေထွဋ်တင်ကွင်းမှာ ကျင်းပမယ်လို့ သိရပါတယ်။ အဲဒီပြိုင်ပွဲကို အသေးစား အငယ်စား အလတ်စား စီးပွားရေး လုပ်ငန်း စတင်လုပ်ကိုင်နေတဲ့ လုပ်ငန်းရှင်တွေ၊ စီးပွားရေးလုပ်ငန်း စလုပ်မယ့်သူတွေ ဝင်ရောက်ယှဉ်ပြိုင်နိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် စီးပွားရေးတစ်ခုစတင်ဖို့အတွက် စိတ်ကူးအိုင်ဒီယာပဲရှိပြီး ငွေကြေးအရင်းအနှီးမရှိလို့ အခက်အခဲရှိနေတဲ့ သူတွေ၊ စီးပွားရေးကဏ္ဍနယ်ပယ်အသီးသီးကလုပ်ငန်းရှင်တွေလည်း ဝင်ရောက်ယှဉ်ပြိုင်နိုင်ပြီး အသက် ၁၈ နှစ်ကနေ အသက် ၄၀ အတွင်း လူမျိုးဘာသာမရွေး ဝင်ရောက်ယှဉ်ပြိုင်ခွင့်ပြုထားတယ်လို့ သိရပါတယ်။ Starting Point စီးပွားရေးအိုင်ဒီယာပြိုင်ပွဲမှာ ဆုကြေးအနေနဲ့ ပထမတစ်ဆုတည်းသာ ချီးမြှင့်မှာဖြစ်ပြီး ဆုကြေး ငွေအနေနဲ့ ကတော့ ကျပ်သိန်း ၅၀၀ ချီးမြှင့်သွားမှာပါ။ပြိုင်ပွဲ စတင်ကျင်းပမယ့် မတ် ၃၀ ရက်နေ့မှာပဲ Starting Point စီးပွားရေးအိုင်ဒီယာပြိုင်ပွဲရိုက်ကူးထုတ်လွှင့် တင်ဆက်မှုနဲ့ ပတ်သက်တဲ့ စာနယ်ဇင်းရှင်းလင်းပွဲကို ရွှေထွဋ်တင်ကွင်း ၊ HEXAGON STUDIO မှာ ကျင်းပသွားမယ် လို့ သိရပါတယ်။



