back

ရှမ်းပြည်နယ်တောင်ပိုင်းတွင်ချိန်ခါမဟုတ် မိုးရွာခြင်းကြောင့် စတော်ဘယ်ရီ အသီးများပျက်စီး

Mar 26 • 12:56 PM

breaking-news

မြန်မာ

ရှမ်း

cover

ရှမ်းပြည်နယ်တောင်ပိုင်းတွင်ချိန်ခါမဟုတ် မိုးရွာခြင်းကြောင့် စတော်ဘယ်ရီ အသီးများပျက်စီး

ရှမ်းပြည်နယ်တောင်ပိုင်းတွင် ချိန်ခါမဟုတ် မိုးရွာခြင်းကြောင့် စတော်ဘယ်ရီသီးများ လွင့်ပစ်ရကြောင်း စိုက်ပျိုးတောင်သူများထံမှ သိရသည်။စတော်ဘယ်ရီသီးများသည် မိုးရွာသွန...

ရှမ်းပြည်နယ်တောင်ပိုင်းတွင် ချိန်ခါမဟုတ် မိုးရွာခြင်းကြောင့် စတော်ဘယ်ရီသီးများ လွင့်ပစ်ရကြောင်း စိုက်ပျိုးတောင်သူများထံမှ သိရသည်။စတော်ဘယ်ရီသီးများသည် မိုးရွာသွန်းချိန် အသီးပျက်စီး​ခြင်း ၊ အသီးပိုးဖောက်ဝင်ရောက်ခြင်းကြောင့် အသီးများကို သန့်ရှင်း၍ ရောင်းချရကြောင်း ၊ အလေအလွင့်များပြီး လွင့်ပစ်ရကြောင်း စိုက်ပျိုး တောင်သူကဆိုသည်။ထိုသို့ စတော်ဘယ်ရီသီးများကို ရွေးချယ်သန့်ရှင်းကာ ရောင်းချခြင်း အသီးများ လွင့်ပစ်ရခြင်းသည် ပုံမှန် ဖြစ်ပြီး အလေအလွင့်များကြောင်း ၊ ရာသီဥတုကြောင့်လည်းများစွာ ပျက်စီးမှုရှိကြောင်း တောင်သူများ က ဆိုသည်။ယခုနှစ်တွင် စတော်ဘယ်ရီသီးစျေးကောင်းရသဖြင့် စိုက်သူ ပိုများလာပြီး ၊ ပေါ်ဦးစ ရာသီတွင် စျေးကောင်း ရရှိ၍ တောင်သူများ အဆင်ပြေကြောင်း သိရသည်။



news-view-count-icon

19