စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ရုံး လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ယနေ့နံနက်ပိုင်း၌ တတိယနေ့အဖြစ်အခြေခံပန်းချီရေးဆွဲနည်းသင်တန်းကို ဆက်လက်ဖွင့်လှစ်လျက်ရှိကြောင်း သိရသည်။သင်တန်းတွင် ကလေးမြို့၊ သဇင်ရပ်ကွက်မှ ပန်းချီ ဆရာဦးဇော်လွင်က အခြေခံပန်းချီရေးဆွဲနည်းများအား စာတွေ့၊ လက်တွေ့သင်ကြားပို့ချခဲ့ပြီး၊သင်တန်းသား၊ သင်တန်းသူများက စိတ်ကြိုက်ပန်းချီနှင့် ပုံတူပန်းချီများကို လက်တွေ့ရေးဆွဲလျက်ရှိကြောင်း သိရသည်။အဆိုပါသင်တန်းသို့ ကလေးမြို့ပေါ်ရှိအခြေခံပညာကျောင်းများမှ အလယ်တန်းအဆင့်ကျောင်းသား၊ ကျောင်းသူ(၂၀)ဦးတက်ရောက်ကြပြီး၊ သင်တန်းကာလမှာ ၂၄-၃-၂၀၂၅ ရက်နေ့မှ ၂၈-၃-၂၀၂၅ ရက်နေ့အထိ (၅) ရက်ကြာဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။



