ယနေ့ မတ်လ ၂၆ရက် မွန်းတည့် ၁၂ နာရီခန့်က မန္တလေးတိုင်း၊ မေမြို့၊ ရပ်ကွက်ကြီး ၁၇ အနီးစခန်း၊ နမ့်ကပ်လမ်းမှာ ဒီကနေ့ မွန်းတည့်ချိန် ဆိုင်ကယ်ရိုက်လုခံရလို့ အမျိုးသား တစ်ဦး သေဆုံးပြီး အလောင်းကို ဆေးရုံပို့ပေးခဲ့တယ်လို့ ပြင်ဦးလွင် အခမဲ့ နာရေး ကူညီမှု အသင်းက ဆိုပါတယ်။အဲ့ဒီနေရာမှာ နှစ်ဦး ရိုက်လုခံရတာ ဖြစ်ပြီး ပထမ ရိုက်လုခံရသူကို တုသိတာ လူမှုကူညီရေးအသင်း (အနီးစခန်း)က သယ်ယူခဲ့ကာ ဒုတိယလူကို သယ်ယူပေးခဲ့တာလို့ ပြင်ဦးလွင် အခမဲ့ နာရေး ကူညီမှု အသင်းက ဖော်ပြပါတယ်။အဆိုပါ လူသတ်ပြီး ဆိုင်ကယ်လုယက်မှု ဖြစ်တဲ့ နေရာဟာ လူသွားအလာ ပြတ်တောက်တဲ့ နေရာ ဖြစ်တယ်လို့ မြို့ခံတစ်ဦးက ဆိုပါတယ်။



