စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် နေအိမ်ခြံဝင်းများအတွင်း မြေအောက်ရေတင်စိုက်ပျိုးသော ဒေသထွက် ဂန္ဓမာပန်းများ ရောင်းအားကောင်း၍ စိုက်ပျိုးသူများ အဆင်ပြေလျက်ရှိကြောင်း ပန်းစိုက်ပျိုးသူများထံမှ သိရသည်။အဆိုပါ ဒေသထွက် ဂန္ဓမာပန်းများက တာရှည်ခံပြီး လူကြိုက်များသည့်အတွက် ရောင်းအားကောင်းနေကြောင်း၊ ဖောက်သည်ဈေး ပန်းတစ်ခက် ငွေကျပ် ၁၀၀ ရောင်းရကြောင်း၊ တစ်ရက်မိသာစုဝင်ငွေကျပ် ၃၀၀၀၀ ကျော်ရရှိသဖြင့် အဆင်ပြေကြောင်း သိရသည်။



