စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့နယ်၊ဥပဒေအထောက်အကူပေးရေးအဖွဲ့က ဥပဒေဆိုင်ရာအသိပညာပေးဟောပြောပွဲကို မတ် (၂၆)ရက်နေ့၊ နံနက်(၁၁)နာရီခွဲအချိန်က ဟုမ္မလင်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမတွင်ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။အဆိုပါအခမ်းအနားသို့ မြို့ပေါ် ရပ်ကွက်၊ ကျေးရွာများမှ (၂၀)ဦး ခန့်တက်ရောက်ခဲ့ကြပြီး၊ တက်ရောက်လာသူများကို ဥပဒေဆိုင်ရာ အထောက် အကူပေးရေး လက်ကမ်းစာစောင်များအား အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။



