back

တာချီလိတ်မြို့၏ ထိုင်းဘတ်ငွေ (၃၄)သိန်းတန် နာရီစင်ဖွင့်ပွဲကျင်းပ

Mar 26 • 10:35 AM

breaking-news

မြန်မာ

ရှမ်း

cover

တာချီလိတ်မြို့၏ ထိုင်းဘတ်ငွေ (၃၄)သိန်းတန် နာရီစင်ဖွင့်ပွဲကျင်းပ

တာချီလိတ်မြို့တွင် ထိုင်းဘတ်ငွေ (၃၄)သိန်း တန်ဖိုးရှိ နာရီစင်ကို တည်ဆောက်ပြီးစီးသည့် အနေဖြင့် ဖွင့်ပွဲအား ယနေ့ ၂၀၂၅ခုနှစ် မတ်လ(၂၆)ရက်နေ့ နံနက်(၉)နာရီအချိန်က ကျင်...

တာချီလိတ်မြို့တွင် ထိုင်းဘတ်ငွေ (၃၄)သိန်း တန်ဖိုးရှိ နာရီစင်ကို တည်ဆောက်ပြီးစီးသည့် အနေဖြင့် ဖွင့်ပွဲအား ယနေ့ ၂၀၂၅ခုနှစ် မတ်လ(၂၆)ရက်နေ့ နံနက်(၉)နာရီအချိန်က ကျင်းပြုလုပ်ကြောင်း သိရသည်။နာရီစင်အား တာချီလိတ်မြို့ပေါ် မြန်မာ - ထိုင်းချစ်ကြည်ရေးအမှတ်(၁)တံတားထိပ်ရှိ အဝိုင်းပတ်တွင် တည်ဆောက်ထားခြင်း ဖြစ်ပြီး တာချီလိတ်မြို့နယ်စည်ပင်သာယာရေးဌာန၏ ကြီးကြပ်မှုဖြင့် ကုန်ကျမှုများကို IBOSS ကုမ္ပဏီက ကျပ်သိန်း(၂,၆၀၀) ( ဘတ်ငွေဖြင့် သိန်းနှစ်ဆယ် ) နှင့် မြို့မိမြို့ဖ လုပ်ငန်းရှင်များကဘတ်(၁၄)သိန်း စုစုပေါင်း ထိုင်းဘတ်ငွေ (၃၄)သိန်း အကုန်အကျခံကာ တည်ဆောက်ထားခြင်း ဖြစ်သည်ဟု သိရသည်။နာရီစင်၏ အမြင့်ပေမှာ ပေ(၅၀)ရှိပြီး ၂၀၂၄ခုနှစ် နိုဝင်ဘာလ(၂၂)ရက်နေ့က စပြီး တည်ဆောက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။



news-view-count-icon

24