ယနေ့မတ်လ (၂၆)ရက်နေ့ နေ့လည်ပိုင်းက မိတ္ထီလာမြို့အ၀င် ကုန်းသာ ကျေးရွာအနီး Power Full ဓာတ်ဆီဆိုင်နှင့် မလှမ်းမကမ်း နေရာ (ကာယကံရှင်၏ပြောကြားချက်အရ) မိတ္ထီလာ - ပျော်ဘွယ်လမ်းပိုင်း၊ ရန်ကုန်-မန္တလေး လမ်းဟောင်းပေါ်မှာ အိမ်စီးကားပေါ်တွင်လိုက်ပါလာသည့် လက်နက်ကိုင်ဆောင်ထားသော လူ(၆)ယောက်မှ (၆ဦးလုံး၌ သေနတ်များပါရှိကြောင်းဆို) လမ်းတွင်ဖြတ်သွားသော အခြား အိမ်စီးကားကို လက်နက်ပြ၍ တားဆီး ခြိမ်းခြောက်ကာ ဓါးပြတိုက်ခဲ့ပြီး အဆိုပါအိမ်စီးကားကိုလည်း အဓမ္မ လုယက်ယူ ဆောင်သွားပြီး ကားပေါ်တွင် ဖုန်းများနှင့်ငွေသားများ ပါသွားကြောင်း ဒေသခံတချို့ရဲ့ သတင်းပေးပို့မှုများအရ သိရှိရပါသည်။



